
ငါတို့ရဲ့အချစ်တွေကို
ပြန်တွေးမိတိုင်း
နိုင်းယှဉ်ခြင်း ဆိုတာကို
ငါ မုန်းနေမိတယ်။
တစ်ကယ်ပါ
ချစ်ကံခေသူ တစ်ယောက်အတွက်
ရှေ့ဆက်ရမဲ့ အနာဂါတ်လမ်းဟာ
မူန်ဝါးနေတာတော့အမှန်ပဲ။
မြူနှင်းတွေ ကျလွန်းတဲ့နေ့
ငါတို့စတွေ့ခဲ့ကြတဲ့
ဆောင်းတွင်းမနက်ခင်းလေးလိုပေါ့။
စိတ်ညစ်တယ်လို့ ပြောနေတဲ့သူတွေဟာ
အရူံးသမားတွေတဲ့လေ
ခု ငါ အရူံးသမား စစ်စ်ဖြစ်နေတယ်။
0 comments:
Post a Comment