.

.

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, 22 December 2011

ဘက်လိုက်တဲ့ ကမ္ဘာ

 http://t1.gstatic.com/images?q=tbn:ANd9GcSmmRbO_63mrZ14fRLtriuAq2iSVgfwlvDrxTuSFWJ6VgQNNp2jVA
အစနဲ့အဆုံးကို ငါကြည့်လိုက်တော့
ရေရေရာရာမရှိ...ဝေဝေဝါးဝါး...
ခြေတွေ လမ်းသလားလာလိုက်တာ...
သက္ကရာဇ်တွေ...အလဲလဲအပြိုပြိုကျန်ခဲ့တာ...။

မရေရာတဲ့ဘဝမှာ
မသေချာတဲ့ အချစ်ကို ယုံကြည်လိုက်သေး...
ချိုမြိန်ခြင်းတို့ ခပ်ပါးပါးလေး
သူ့နူတ်ခမ်းမှာ ဆိုးဆေးအဖြစ်အရောင်တင်..
ကြူရသမျှလူကို သူ့နူတ်ခမ်းဝက
ညွှတ်ညွှတ်လေး ပြုံးပြနေလေရဲ့...။

ချစ်ခြင်းတို့ သူ့ရင်မှာ..
တကယ်ရှိပါတယ်ဆိုသေးရဲ့...
ငါ့လက်ကိုဆုတ်ထားပြီး..
သူ့အကြည့်တို့က တခြားတစ်ယောက်ကို...
ရိတိတိ ပြိတီတီနဲ့ အကြည့်တို့က
ဆူဝေနေသေးတယ်..ဒါ အချစ်တဲ့လား..။

အကောင်းဆုံးတွေ ရွေးချယ်..
အရင်းနှီးဆုံး နှလုံးသားကိုပေးဆပ်..
မှန်မယ်ထင်သမျှ မှားမှားနေခဲ့တဲ့ တန်ဖိုးတွေ..
ခပ်ပေါပေါလူတွေကြားမှာ..
ခပ်ပေါပေါစကားတွေ ငါ့နားကို ယဉ်ပါးစေတယ်..။

ကိုယ်ထင်တာ လုပ်ကြစတမ်းဆို..
ကမ္ဘာမြေတစ်ခုကိုလုံး..
မီးလောင်တိုက်သွင်းပစ်လိုက်ချင်ရဲ့...
စာနာမူ့မရှိကြစတမ်းဆို..
နှလုံးသားတွေ ခြွေဖြတ်..နာကျင်မူ့တွေပဲပေးနိုင်တဲ့
နတ်ဆိုးတစ်ကောင် ဖြစ်လိုက်ချင်ရဲ့...။

ကိုယ်ကောင်းရင်ခေါင်းမရွေ့...ဘူးဆိုသေးရဲ့...
ကိုယ်ကောင်းပြီး ခေါင်းမကောင်းတဲ့လူတွေကြားမှာ..
စာနာမူ့တို့ ၊ကြင်နာခြင်းတို့ပြတ်သုဉ်း...
အချစ်ကို ဗန်းပြ...လူ့တစ်ဘဝစာလုံး...
ရိုက်ချိုးနေကြသံတွေ...တစ်ဝုန်းဝိုင်းတဒိုင်းဒိုင်း...
နှလုံးသားတွေ ဝုန်းဒိုင်းလဲပြို...
တစ်ယောက်ပြီးတစ်ယောက်လွင့်ပါး..
တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံး..
စာနာသူမရှိ အပြစ်တင်သူချည့်ပြည့်နေတဲ့ လောက...
ပြုသူအပြစ်မမြင် ၊စတေးသူအပြစ်တင်..
ကမ္ဘာမြေကြီးဟာ တစ်ဖက်စောင်းနင်းခဲ့ပြီ..။


Thursday, 8 December 2011

“ အဖြည့်ဆည်းခံ ”


 


ငါတို့ရဲ့အချစ်တွေကို
ပြန်တွေးမိတိုင်း
နိုင်းယှဉ်ခြင်း ဆိုတာကို
ငါ မုန်းနေမိတယ်။

တစ်ကယ်ပါ
ချစ်ကံခေသူ တစ်ယောက်အတွက်
ရှေ့ဆက်ရမဲ့ အနာဂါတ်လမ်းဟာ
မူန်ဝါးနေတာတော့အမှန်ပဲ။

မြူနှင်းတွေ ကျလွန်းတဲ့နေ့
ငါတို့စတွေ့ခဲ့ကြတဲ့
ဆောင်းတွင်းမနက်ခင်းလေးလိုပေါ့။

စိတ်ညစ်တယ်လို့ ပြောနေတဲ့သူတွေဟာ
အရူံးသမားတွေတဲ့လေ
ခု ငါ အရူံးသမား စစ်စ်ဖြစ်နေတယ်။